EasyShare ကိုယ်ရေးလုံခြုံမှု မူဝါဒ
လေးစားရပါသော သုံးစွဲသူ၊
vivo Mobile Communication Co., Ltd. နှင့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီခွဲများ (ဤမှစ၍ နောင်တွင် "vivo"၊ "ကျွန်ုပ်တို့"၊ "ကျွန်ုပ်တို့ကို" သို့မဟုတ် "ကျွန်ုပ်တို့၏" ဟု ရည်ညွှန်းထားပါသည်) သည် သင်၏ ကိုယ်ရေးလုံခြုံမှုကို အလေးထားပြီး သင့်ကိုယ်ရေး အချက်အလက်များကို ကာကွယ်ပေးရန် အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပါမည်။ EasyShare ကိုယ်ရေးလုံခြုံမှု မူဝါဒ ("ဤမူဝါဒ") သည် EasyShare အက်ပ်ကို အသုံးပြုစဉ်အတွင်း သုံးစွဲသူ၏ အချက်အလက်များကို စုစည်းရယူခြင်း၊ စီမံဆောင်ရွက်ခြင်း၊ သိမ်းဆည်းခြင်း၊ လွှဲပြောင်းပေးပို့ခြင်းနှင့် ကာကွယ်ပေးခြင်းတို့အပေါ် သက်ရောက်မှု ရှိပါသည် (ဤအက်ပ်နှင့် ၎င်း၏ ဆက်စပ်သော အကြောင်းအရာများကို စုစည်း၍ "ဤဝန်ဆောင်မှု" ဟု ခေါ်ပါသည်)။ ဤဝန်ဆောင်မှုကို အသုံးမပြုမီ ဤမူဝါဒကို နားလည်အောင် ဖတ်ရှု၍ သဘောတူပေးပါ။ အသားပေး ဖော်ပြထားသော အကြောင်းအရာကို ဂရုပြု ဖတ်ရှုပါရန် သတိပေးထားပါသည်။
ဤဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် သင်သည် ဤသီးသန့်မူဝါဒရှိ စည်းမျဉ်းအားလုံးကို ဖတ်ရှု၊ သဘောတူ၍ လက်ခံလိုက်ရာရောက်ပါသည်။ ဤသီးသန့် မူဝါဒ၏ သတ်မှတ်ချက်များနှင့်အညီ ဤဝန်ဆောင်မှုကို ပံ့ပိုးပေးရန် လိုအပ်ပြီး ထိရောက်စွာ ပံ့ပိုးပေးနိုင်ရန်အတွက် ကျွန်ုပ်တို့သည် သင့်အချက်အလက်များကို အသုံးပြု၍ ကာကွယ်ပေးရပါမည်။
1. သုံးစွဲသူ အကြောင်းအရာကို လွှဲပြောင်းပေးပို့မှု
(1) ဤစက်ရှိ အဆက်အသွယ်များ၊ SMS မက်ဆေ့ဂ်ျများ၊ ခေါ်ဆိုမှု စာရင်းများ၊ ပြက္ခဒိန်များ၊ အက်ပ်များ၊ မှတ်စုများ၊ ပုံများ၊ ဂီတ၊ ဗီဒီယိုများ၊ အသံဖမ်းဖိုင်များ၊ ဆက်တင်များနှင့် ဤဝန်ဆောင်မှုက ပံ့ပိုးပေးသည့် အခြားအကြောင်းအရာများ (စုစည်း၍ "သုံးစွဲသူ အကြောင်းအရာ" ဟု ရည်ညွှန်းထားပါသည်) ကို အခြားခွင့်ပြုချက်ပေးထားသည့် စက်သို့ မျက်နှာချင်းဆိုင် ပုံစံဖြင့် လွှဲပြောင်းပေးပို့ရန် ဤဝန်ဆောင်မှုကို အသုံးပြုကြောင်း သင် နားလည်သိရှိပါသည်။
(2) သုံးစွဲသူ အကြောင်းအရာ အမျိုးအစားတစ်ခု (ဥပမာအားဖြင့် သင့်စက်ထဲရှိ ဓာတ်ပုံများ) ကို ပထမဆုံးအကြိမ် လွှဲပြောင်းပေးပို့လိုက်သောအခါ ဤအကြောင်းအရာကို ဝင်ရောက် သုံးစွဲရန် သင်၏ ကြိုတင်ခွင့်ပြုချက်ကို ကျွန်ုပ်တို့ တောင်းခံပါမည်။
(3) သုံးစွဲသူ အကြောင်းအရာ အချို့ကို ဤဝန်ဆောင်မှု၏ မျက်နှာပြင်တွင် ပုံများ၊ အကျဉ်းချုပ်များ သို့မဟုတ် အခြားအမှန်တကယ်ရှိသော ပုံစံများဖြင့် ပြသပါမည်။ သင့်စက်တွင် သိမ်းထားသည့် သုံးစွဲသူ အကြောင်းအရာကို အခြေခံပြီး ပြသမည့် အကြောင်းအရာကို အလျဉ်းသင့်သလို ထုတ်ပေး၍ အပ်ဒိတ်လုပ်ပါသည်။
(4) သုံးစွဲသူ အကြောင်းအရာကို လွှဲပြောင်းပေးပို့သည့်အခါ ၎င်းကို လက်ခံခွင့်ပေးထားသည့် စက်သို့သာ လွှဲပြောင်းပေးပို့နိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် သုံးစွဲသူ အကြောင်းအရာကို စက်တစ်ခုမှ အခြားစက်တစ်ခုသို့သာ လွှဲပြောင်းပေးပို့ပေးမည်ဖြစ်ပြီး ၎င်းကို သင့်ထံမှ စုစည်းရယူခြင်း သို့မဟုတ် ပုံစံတစ်မျိုးမျိုးဖြင့် လက်ခံခြင်း၊ ရယူခြင်း၊ စီမံဆောင်ရွက်ခြင်း သို့မဟုတ် အသုံးပြုခြင်းတို့ လုပ်ဆောင်မည်မဟုတ်ပါ။
2. ကျွန်ုပ်တို့ စုစည်းရယူသည့် အချက်အလက်များ
(က) သင့်စက် အချက်အလက်များ- သင်သည် စက်တစ်ခုတွင် ဤဝန်ဆောင်မှုကို အသုံးပြုသောအခါ ကျွန်ုပ်တို့သည် ဤစက်မှ IMEI နှင့်/သို့မဟုတ် အခြား စက် အမှတ်သင်္ကေတများ၊ စက်အမျိုးအစား၊ စက်အမည်နှင့် စနစ်ဗားရှင်း အပါအဝင် တိကျသော အချက်အလက်များကို စုစည်းရယူနိုင်ပါသည်။ ချို့ယွင်းချက်များကို အလျင်အမြန် စိစစ်တွက်ချက်ရန်၊ သင့်အား အသုံးဝင်သော အကြောင်းပြန်မှု ပေးနိုင်သည့် လုပ်ဆောင်ချက်ကို ပံ့ပိုးပေးရန်နှင့် ထုတ်ကုန် အကောင်းဆုံး ချိန်ညှိမှုများကို အချိန်မီ ဆောင်ရွက်ရန်အတွက် သင့်စက်ဗားရှင်းနှင့် အမျိုးအစားကို ဆုံးဖြတ်ရန်အပြင် အပ်ဒိတ် အသိပေးညွှန်ကြားမှုများ သို့မဟုတ် အော်တိုအပ်ဒိတ် ဝန်ဆောင်မှုကို ပေးရန် ယင်းအချက်အလက်များကို အသုံးပြုပါသည်။
(ခ) IP လိပ်စာ- Web Share နှင့် အခြားဆက်စပ် လုပ်ဆောင်ချက်များကို သင် အသုံးပြုသည့်အခါ လုပ်ဆောင်ချက်ကို ဖွင့်ရာတွင် လိုအပ်သည့် သင့် IP လိပ်စာကို စုစည်းရယူရန် လိုပြီး LAN ချိတ်ဆက်မှုနှင့် ဆာဗာအတည်ပြုရန် ရည်ရွယ်ချက်များအတွက် ယင်းအချက်အလက်များကို အသုံးပြုပါသည်။ သင်က သက်ဆိုင်ရာ လုပ်ဆောင်ချက်များကို အသုံးပြုမှသာ ကျွန်ုပ်တို့က ယင်းအချက်အလက်များကို စုစည်းရယူမည်ဖြစ်သည်။
(ဂ) MAC လိပ်စာ- သင်က မျက်နှာပြင် များစွာ လုပ်ဆောင်ချက်ကို အသုံးပြုပြီး PC ကို ရှာ၍ ချိတ်ဆက်လိုက်သည့်အခါ ကျွန်ုပ်တို့သည် သင့်စက်၏ MAC လိပ်စာကို စုစည်းရယူရန် လိုအပ်သည် (ယင်းအချက်အလက်ကို သင့်စက်တွင်သာ အသုံးပြုမည်ဖြစ်ပြီး ဆာဗာသို့ အပ်လုဒ်လုပ်မည်မဟုတ်ပါ)။
(ဃ) သင်၏ စာရင်း အချက်အလက်များ- ဤဝန်ဆောင်မှုကို သင် အသုံးပြုစဉ်အတွင်း ကျွန်ုပ်တို့သည် သုံးစွဲမှု ကြာချိန်၊ လွှဲပြောင်းပေးပို့သည့် ဒေတာ အရွယ်အစား၊ ဒေတာ အမျိုးအစားနှင့် သတ်မှတ် အက်ပ်တစ်ခု၏ ပက်ကေ့ခ်ျ အမည် (ရှိလျှင်) စသည်တို့ အကန့်အသတ်မရှိ အပါအဝင် ဤဝန်ဆောင်မှုမှ ထုတ်ပေးသည့် စာရင်း အချက်အလက်များကို စုစည်းရယူပါမည်။ အခြေခံ ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်နှင့် ဤဝန်ဆောင်မှုကို သင် အသုံးပြုစဉ်အတွင်း လက်ရှိနှင့် နောင်ဖြစ်လာနိုင်သော ပြဿနာများကို လေ့လာဆန်းစစ်ရန်အတွက်သာ သင့်ထံမှ ကျွန်ုပ်တို့ စုစည်းရယူသော စာရင်း အချက်အလက်များကို အသုံးပြုပါမည်။ ယင်းက သင် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်မည်မဟုတ်ပါ။
(င) သင်၏ လုပ်ဆောင်ချက် အချက်အလက်များ- သင့်စက်ကို Wi-Fi ကွန်ရက် သို့မဟုတ် အခြားအခမဲ့ ကွန်ရက်တစ်ခုခုနှင့် ချိတ်ဆက်ထားသောအခါ ကျွန်ုပ်တို့သည် စာမျက်နှာ ပြန်လည်လမ်းညွှန်မှုများနှင့် အက်ပ်ကို နှိပ်ခြင်း၊ ဆက်တင်နှင့် အက်ပ်မှထွက်ခြင်းကဲ့သို့ လုပ်ဆောင်ချက်များ အကန့်အသတ်မရှိ အပါအဝင် ဤဝန်ဆောင်မှုနှင့် ဆက်စပ်၍ သင်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်သည့် အချက်အလက်များကို ရံဖန်ရံခါ စုစည်းရယူပါမည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အကောင်းဆုံး ချိန်ညှိပြီး သုံးစွဲသူ အတွေ့အကြုံကို တိုးတက်အောင် လုပ်ဆောင်နိုင်ရန် ကျွန်ုပ်တို့သည် လုပ်ဆောင်ချက် အချက်အလက်များကို အသုံးပြုပြီး သုံးစွဲသူက ဝန်ဆောင်မှုအား အသုံးပြုပုံကို ခြေရာခံကာ ဆန်းစစ်လေ့လာပါမည်။ လူတစ်ဦးတစ်ယောက်ကို ရည်ညွှန်းရန် သို့မဟုတ် မည်သူမည်ဝါ ခွဲခြားဖော်ထုတ်ရန်အတွက် ထိုအချက်အလက်များကို အသုံးပြုမည် မဟုတ်သည့်အပြင် ၎င်းတို့အပေါ် ရည်ရွယ်ချက်ရှိရှိ အကဲဖြတ်ဆုံးဖြတ်ခြင်း သို့မဟုတ် အပြုအမူဆိုင်ရာ ဆန်းစစ်ဝေဖန်ခြင်းများကိုလည်း ပြုလုပ်မည်မဟုတ်ပါ။
3. ခွင့်ပြုချက်များ
ဤဝန်ဆောင်မှုသည် ၎င်း၏ လုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးနိုင်ရန် စက် ခွင့်ပြုချက် အချို့ကို လိုအပ်ပါသည်။ တိကျသော ခွင့်ပြုချက်များနှင့် ခွင့်ပြုချက် တောင်းခံသည့် ရည်ရွယ်ချက်များကို အောက်တွင် ကြည့်ပါ-
(က) ဘလူးတုသ်/Wi-Fi- စက်များကို ရှာဖွေ ချိတ်ဆက်ရန် ဘလူးတုသ်/Wi-Fi ခွင့်ပြုချက်ကို လိုအပ်ပါသည်။
(ခ) ကွန်ရက်- ဝန်ဆောင်မှု ဗားရှင်းကို အပ်ဒိတ်လုပ်ရန် သို့မဟုတ် အဆင့်မြှင့်တင်ရန် ကွန်ရက် ခွင့်ပြုချက်ကို လိုအပ်ပါသည်။
(ဂ) မိုဘိုင်းကွန်ရက် ဖွင့်ခြင်း/ပိတ်ခြင်း- Phone Clone လုပ်ဆောင်ချက်ကို အသုံးပြုသည့်အခါ ဟော့စပေါ့ ချိတ်ဆက်မှု ပြုလုပ်ရန် လိုပါသည်။ ခွင့်ပြုချက်ပေးထားသည့် စက်က ဒေတာကို မသုံးစွဲစေရန် ကျွန်ုပ်တို့သည် သင့်စက်၏ မိုင်းကွန်ရက်ကို ပိတ်နိုင်ပါသည်။
(ဃ) တည်နေရာ- ဘလူးတုသ်နှင့် Wi-Fi ရှာဖွေမှုအတွက် သင့်ဖုန်း၏ MAC လိပ်စာကို ရယူရန် တည်နေရာ ခွင့်ပြုချက်ကို လိုအပ်ပါသည်။
(ဂ) SMS/အဆက်အသွယ်များ/ခေါ်ဆိုမှု စာရင်းများ- Phone Clone လုပ်ဆောင်ချက်ကို အသုံးပြုသည့်အခါ စက်တစ်ခုမှ တစ်ခုသို့ သင်၏ SMS/အဆက်အသွယ်များ/ခေါ်ဆိုမှု စာရင်းများကို လွှဲပြောင်းပေးပို့ပြီး တူနေသည်များကို ဖယ်ရှားရန်အတွက် သင်သည် ၎င်းတို့ကို ဖတ်နိုင်/ရေးနိုင်ရန် လိုပါသည်။
(စ) အသံ ဖမ်းယူမှု- မျက်နှာပြင် ထုတ်လွှင့်ပြသမှု လုပ်ဆောင်ချက်ကို အသုံးပြုသောအခါ မျက်နှာပြင် အသံကို ဖမ်းယူပြီး ၎င်းကို အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်ပြသနိုင်ရန် သင်က အသံဖမ်းမှု ခွင့်ပြုချက်ကို ဖွင့်ရန် လိုပါသည် (ဝန်းကျင်အသံကို မဖမ်းနိုင်ပါ)။
(ဆ) မျက်နှာပြင် မှတ်တမ်းတင်မှု- မျက်နှာပြင် ထုတ်လွှင့်ပြသမှု လုပ်ဆောင်ချက်ကို အသုံးပြုသောအခါ မျက်နှာပြင်ကို မှတ်တမ်းတင်ပြီး ၎င်းကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပြသနိုင်ရန် သင်က မျက်နှာပြင် မှတ်တမ်းတင်မှု ခွင့်ပြုချက်ကို ဖွင့်ရန် လိုပါသည်။
(ဇ) ကင်မရာ- စက်ချင်း ချိတ်ဆက်ပြီး အကြောင်းအရာများ လွှဲပြောင်းပေးပို့ရန် QR ကုဒ်ကို စကန်ဖတ်သောအခါ သို့မဟုတ် ဓာတ်ပုံတစ်ပုံရိုက်ပြီး ၎င်းကို အပ်လုဒ်လုပ်၍ သင့်ပရိုဖိုင်းပုံကို သတ်မှတ်သောအခါ ကင်မရာ ခွင့်ပြုချက်ကို ဖွင့်ရန် လိုပါသည်။
(ဈ) အသိပေးချက်- သင်သည် မျက်နှာပြင် များစွာ လုပ်ဆောင်ချက်ကို အသုံးပြုနေပြီး အသိပေးချက်များကို ဖွင့်ထားပါက အသိပေးချက် ခွင့်ပြုချက်ကို ဖွင့်ရန်လိုအပ်သည်။
(ည) ဖုန်း- သင်သည် မျက်နှာပြင် များစွာ လုပ်ဆောင်ချက်ကို အသုံးနေပြုပြီး PC မှတစ်ဆင့် ခေါ်ဆိုမှုများကို လက်ခံရရှိပါက ဖုန်းခွင့်ပြုချက်ကို ဖွင့်ရန်လိုအပ်သည်။
ဤဝန်ဆောင်မှု၏ သက်ဆိုင်ရာ လုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးနိုင်ရန်သာ အထက်ပါ ခွင့်ပြုချက်များကို ဖွင့်ပါမည်။ ဤဝန်ဆောင်မှု၏ လုပ်ဆောင်ချက်များကို သင် အသုံးမပြုသောအခါ ဤဝန်ဆောင်မှုက သင့်ခွင့်ပြုချက်များကို ဝင်ရောက် သုံးစွဲမည်မဟုတ်သောကြောင့် မစိုးရိမ်ပါနှင့်။
4. မျှဝေခြင်း
မျှဝေခြင်းဆိုသည်မှာ သင့်ကိုယ်ရေး အချက်အလက်များကို အခြား ကိုယ်ရေး အချက်အလက် ထိန်းချုပ်သူများအား ပံ့ပိုးပေးခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဖက်စလုံးက ကိုယ်ရေး အချက်အလက်ကို သီးခြား ထိန်းချုပ်ကြသည်။ ဥပဒေနှင့် စည်းမျဉ်း သတ်မှတ်ချက်များနှင့် အညီ သင့်ထံမှ ကျွန်ုပ်တို့ စုစည်းရယူသော အချက်အလက်များကို အောက်ပါအခြေအနေများတွင် မျှဝေနိုင်ပါသည်-
(က) vivo ရှယ်ယာရှင်များနှင့် မျှဝေခြင်း- လိုအပ်သော ဝန်ဆောင်မှုများကို ပေးနိုင်စေရန် သို့မဟုတ် စာရင်းစစ်၍ လေ့လာဆန်းစစ်မှု ပြည့်ပြည့်စုံစုံ လုပ်နိုင်စေရန် ကျွန်ုပ်တို့သည် သင့်ထံမှ စုဆောင်းထားသော အချက်အလက်များကို ကျွန်ုပ်တို့၏ လက်အောက်ခံ ကုမ္ပဏီများ သို့မဟုတ် vivo အတွင်းတွင် မျှဝေနိုင်ပါသည်။
(ခ) ခွင့်ပြုချက်ရ မိတ်ဖက်များနှင့် မျှဝေခြင်း- ဤဝန်ဆောင်မှု သို့မဟုတ် သင် အသုံးပြုသည့် သက်ဆိုင်ရာ EasyShare ဝန်ဆောင်မှုများ အလုပ်လုပ်နိုင်ရန် လိုအပ်သည့်အခါမျိုးတွင် ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးကိုယ်တာနှင့် မဆိုင်သော အချက်အလက်အချို့ကို ကျွန်ုပ်တို့၏ ခွင့်ပြုချက်ရ မိတ်ဖက်များထံ ထုတ်ဖော်ပြောဆိုပါမည်။ ယင်းအချက်အလက်ကို သင်၏စက် အမှတ်သင်္ကေတနှင့် ဆက်စပ်မည်မဟုတ်သလို သင် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ထုတ်ရန်လည်း အသုံးပြုမည်မဟုတ်ပါ။
5. ထုတ်ဖော်မှု
ယေဘုယျအားဖြင့် ကိုယ်ရေး အချက်အလက်များကို အများ သိရှိရန် မထုတ်ဖော်သင့်ပါ။ သို့ရာတွင် ကျွန်ုပ်တို့သည် ဥပဒေများနှင့် စည်းမျဉ်းများဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း သို့မဟုတ် တရားစီရင်ရေးနှင့် အစိုးရ ကိုယ်စားလှယ်များက သတ်မှတ်ထားသည့်အတိုင်း သက်ဆိုင်ရာ ရှောင်လွှဲမရနိုင်သည့် တာဝန်တစ်ရပ်ကို ထမ်းဆောင်ရန် သင်၏ ကိုယ်ရေး အချက်အလက်အချို့ကို သင်၏ ကြိုတင်ခွင့်ပြုချက် မရှိဘဲ ထုတ်ဖော်နိုင်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များ၏ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ကာကွယ်ပေးမည့်အပြင် မသက်ဆိုင်သည့် မည်သည့် ပြင်ပ အဖွဲ့အစည်းထံမျှ ထုတ်ဖော်မည် မဟုတ်ပါ။
6. အရွယ်မရောက်သေးသူများ၏ ဒေတာကို စီမံဆောင်ရွက်ခြင်း
ကျွန်ုပ်တို့သည် အရွယ်မရောက်သေးသူများ၏ ကိုယ်ရေးလုံခြုံမှုကို အထူးအလေးထား ကာကွယ်ပေးလျက်ရှိပြီး မိဘများ/အုပ်ထိန်းသူများအနေဖြင့်လည်း အရွယ်မရောက်သေးသူများ၏ လှုပ်ရှားမှုများနှင့် ဝါသနာများကို မျက်ခြည်မပြတ် ဂရုစိုက် စောင့်ကြည့်ပါရန် ထောက်ခံ တိုက်တွန်းအပ်ပါသည်။ (အရွယ်မရောက်သေးသူ၏ အသက်ကို သင့်နိုင်ငံ၏ ဥပဒေအရနှင့် နိုင်ငံနှင့် ဒေသအလိုက် ယဉ်ကျေးမှု အစဉ်အလာများအရ ဆုံးဖြတ်ပါသည်။) ကျွန်ုပ်တို့သည် အရွယ်မရောက်သေးသူများကို သုံးစွဲသူများအဖြစ် သတ်မှတ်ခြင်း မရှိဘဲ ၎င်းတို့၏ ဒေတာများကို တမင်ရည်ရွယ်၍ စုစည်းရယူမည်မဟုတ်ပါ။ သင် (မိဘ/အုပ်ထိန်းသူ) သည် သင့်အရွယ်မရောက်သေးသူ၏ ကိုယ်ရေး ဒေတာကို သင်၏ ကြိုတင်ခွင့်ပြုချက် မရှိဘဲ စုစည်းရယူထားကြောင်း တွေ့ရှိပါက ၎င်းကိုဖျက်ရန် ကျွန်ုပ်တို့ထံ ဆက်သွယ်ပေးပါ၊ အရွယ်မရောက်သေးသူ အနေဖြင့်လည်း သက်ဆိုင်ရာ ဝန်ဆောင်မှုများတွင် စာရင်းသွင်းထားခြင်းမှ ပယ်ဖျက်ပြီး ၎င်းတို့ကို ဆက်လက် အသုံးမပြုကြောင်း သေချာပါစေ။
7. နယ်နိမိတ် ဖြတ်ကျော်၍ လွှဲပြောင်းပေးပို့ခြင်း
ဤဝန်ဆောင်မှုက တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း စုစည်းရယူ၍ ထုတ်ပေးသည့် ကိုယ်ရေး အချက်အလက်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်သာ သိမ်းဆည်းထားမည်ဖြစ်ပြီး နယ်နိမိတ် ဖြတ်ကျော်၍ လွှဲပြောင်းမှု ပြုလုပ်မည် မဟုတ်ပါ။ ဤဝန်ဆောင်မှုအတွက် နယ်နိမိတ်ဖြတ်ကျော်၍ ဒေတာများ စီမံဆောင်ရွက်ရန် လိုလျှင် ကျွန်ုပ်တို့သည် ဥပဒေများ၊ စီမံအုပ်ချုပ်မှုရေးရာ စည်းမျဉ်းများနှင့် သက်ဆိုင်ရာ အာဏာပိုင်များ၏ သတ်မှတ်ချက်များကို တစ်သဝေမတိမ်း လိုက်နာမည့်အပြင် ရည်ရွယ်ချက် အသေးစိတ်၊ လွှဲပြောင်းပေးပို့သည့် နေရာ၊ နည်းပညာဆိုင်ရာ ကာကွယ်ရေး ဆောင်ရွက်ချက်များကို သင့်အား ကြိုတင် အကြောင်းကြားပြီး သင်၏ ပြည့်စုံရှင်းလင်းစွာ ဖော်ပြထားသော ခွင့်ပြုချက်ကို ပြန်လည် ရယူပါမည်။
8. အချက်အလက် လုံခြုံရေးနှင့် ကာကွယ်ရေး
ကျွန်ုပ်တို့သည် လုံခြုံရေး စစ်ဆေးမှုများ၊ ကုဒ်ပြောင်းဝှက်သည့် တူးလ်များနှင့် ဆော့ဖ်ဝဲ အပါအဝင် အကန့်အသတ်မရှိသော ကျိုးကြောင်း ဆီလျော်သည့် လုံခြုံရေး ဆောင်ရွက်ချက်များနှင့် ပရိုဂရမ်များကို အသုံးပြုပြီး သင်၏ ကိုယ်ရေး အချက်အလက်များကို ကာကွယ်ပေးပါမည်။ ကွန်ရက် စီမံခန့်ခွဲသူများနှင့် ဒေတာများကို သိရန် လိုသည့် သက်ဆိုင်ရာ ဝန်ထမ်းများကသာလျှင် စုဆောင်းထားသော ဒေတာများကို ရုံးတွင်းတွင် ဝင်ရောက် သုံးစွဲခွင့် ရရှိပါမည်။ ဤဝန်ဆောင်မှုကို ဆောင်ရွက်ခြင်းအား ကျွန်ုပ်တို့ ရပ်လိုက်လျှင် သို့မဟုတ် သင်က ဤဝန်ဆောင်မှုကို ဆက်လက်အသုံးမပြုတော့လျှင် သင့်အချက်အလက် တစ်စုံတစ်ရာကို ကျွန်ုပ်တို့က စုစည်းရယူ သို့မဟုတ် အသုံးပြုတော့မည်မဟုတ်ဘဲ ကျွန်ုပ်တို့ သိမ်းဆည်းထားသည့် သင့်အချက်အလက်များကို မည်သူမည်ဝါ ခွဲခြားဖော်ထုတ်ခြင်း မပြုနိုင်အောင် ပြုလုပ်ပါမည် သို့မဟုတ် ဖျက်ပစ်ပါမည်။
9. အချက်အလက်များ စီမံခန့်ခွဲမှု
(1) စုံစမ်း မေးမြန်းသည့် တောင်းဆိုချက်ကို ပေးပို့ရန်၊ သင်၏ ကိုယ်ရေး အချက်အလက်များကို ပြောင်းရန် သို့မဟုတ် ဖျက်ရန် ကျွန်ုပ်တို့၏ သုံးစွဲသူ ဝန်ဆောင်မှုဌာနကို ဖုန်းခေါ်ဆိုနိုင်ပါသည် သို့မဟုတ် vivo.com သို့သွားပြီး ကျွန်ုပ်တို့၏ အွန်လိုင်း ဝန်ဆောင်မှု ကိုယ်စားလှယ်များမှတစ်ဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။ သင့်ကိုယ်ရေး အချက်အလက်ကို ပိုမိုလုံခြုံအောင် ကာကွယ်ပေးရန် ကျွန်ုပ်တို့သည် သင့်တောင်းဆိုချက်ကို လက်မခံမီ ထိုတောင်းဆိုချက်ကို ကိုယ်ရေး အချက်အလက် ပိုင်ရှင် သို့မဟုတ် ၎င်း၏ ခွင့်ပြုချက်ရ ကိုယ်စားလှယ်က လုပ်ဆောင်ကြောင်း သေချာစေရန် သင့်အထောက်အထားကို စိစစ် အတည်ပြုကောင်း ပြုနိုင်ပါသည်။ သင်၏ တောင်းဆိုချက်သည် တိကျပြီး ဆောင်ရွက်ပေးနိုင်မည့် တောင်းဆိုချက်မျိုး ဖြစ်ကြောင်း သေချာပါစေ။ လက်ခံလိုက်သည့် တောင်းဆိုချက်များကို အလုပ်ဖွင့်ရက် 15 ရက်အတွင်း ကျွန်ုပ်တို့ အကောင်းဆုံးကြိုးစား ဆောင်ရွက်ပေးပါမည်။
(2) ကျွန်ုပ်တို့အား ဆက်လက်စုစည်းရယူရန် သင်ခွင့်ပြုထားသည့် သင့်ကိုယ်ရေး အချက်အလက် အတိုင်းအတာကို ပြောင်းလဲနိုင်သည် သို့မဟုတ် သင့်စက်တွင် သက်ဆိုင်ရာ လုပ်ဆောင်ချက်များကို ပိတ်ခြင်း သို့မဟုတ် ကျွန်ုပ်တို့ထံ ဆက်သွယ်ခြင်းဖြင့် သင့်ခွင့်ပြုချက်ကို ပြန်ရုပ်သိမ်းနိုင်ပါသည်။ ဝန်ဆောင်မှု လုပ်ဆောင်ချက်အချို့၏ စွမ်းဆောင်ရည်အတွက် အခြေခံ ကိုယ်ရေး အချက်အလက်အချို့ကို လိုအပ်သည်ကို နားလည်ပေးပါ။ သင့်သဘောတူညီချက် သို့မဟုတ် ခွင့်ပြုချက်ကို ရုပ်သိမ်းပြီးနောက် ကျွန်ုပ်တို့သည် သင့်အား သက်ဆိုင်ရာ ဝန်ဆောင်မှုကို ပံ့ပိုးပေးနိုင်တော့မည် မဟုတ်သလို သင်၏ သက်ဆိုင်ရာ ကိုယ်ရေး အချက်အလက်ကို စီမံဆောင်ရွက်နိုင်တော့မည် မဟုတ်ပါ။ သို့ရာတွင် သင့်သဘောတူညီချက် သို့မဟုတ် ခွင့်ပြုချက်ကို ရုပ်သိမ်းလိုက်ခြင်းသည် ယခင်က သင့်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့သော ကိုယ်ရေး အချက်အလက်များကို စီမံဆောင်ရွက်မှုအပေါ်တွင် အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ပါ။
10. ရှင်းလင်းချက်
ဤသီးသန့်မူဝါဒတွင် vivo ၏ သီးသန့်ဒေတာများကို ကာကွယ်ရေးအတွက် စံနှုန်းများကို ဖော်ပြထားပါသည်။ vivo အနေဖြင့် သင်၏ ကိုယ်ရေးအချက်အလက်များနှင့် ဒေတာလုံခြုံရေးကို ကာကွယ်ရန် အဆိုပါ စံနှုန်းများကို တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး သင့်လျော်၍ ဖြစ်နိုင်သော ဆောင်ရွက်ချက်အားလုံးကို လုပ်ဆောင်ရပါမည်။ သို့သော်လည်း vivo သည် အရာရာတိုင်းကို သို့မဟုတ် ပြင်ပအဖွဲ့အစည်းများက သင့်အချက်အလက်နှင့် ဒေတာများကို စုစည်းရယူပြီး သုံးစွဲပုံနည်းလမ်းကို ထိန်းချုပ်၍ မရနိုင်သည့်အပြင် ဆောင်ရွက်ချက်အားလုံးသည်လည်း လုံးဝ စင်းလုံးချော မဖြစ်နိုင်သည်ကို သင့်အနေဖြင့် သတိပြုပြီး နားလည်ပေးစေလိုပါသည်။ ထို့ကြောင့် သင့်ဒေတာနှင့် အချက်အလက်များကို မည်သည့်အခြေအနေတွင် မဆို ထုတ်ဖော်ပြောဆိုမည်မဟုတ်ဟု အာမ မခံနိုင်ပါ။ ဤကိုယ်ရေးလုံခြုံမှု မူဝါဒသည် အချက်အလက်များကို vivo က စုစည်းရယူပုံ၊ အသုံးပြုပုံနှင့် မျှဝေပုံများအပေါ်သာ သက်ရောက်မှု ရှိပြီး ပြင်ပအဖွဲ့အစည်းများက ပံ့ပိုးပေးသည့် ဝန်ဆောင်မှုများ သို့မဟုတ် ထိုပြင်ပအဖွဲ့အစည်းများက အချက်အလက်များကို စုစည်းရယူပုံ၊ အသုံးပြုပုံနှင့် မျှဝေပုံတို့အပေါ် သက်ရောက်မှု မရှိပါ။ ကျွန်ုပ်တို့သည် ပြင်ပ အဖွဲ့အစည်းများက သင့်အချက်အလက်နှင့် ဒေတာများကို စုစည်းရယူခြင်း နှင့်/သို့မဟုတ် အသုံးပြုခြင်းနှင့် ပတ်သက်ပြီး အာမ မခံနိုင်သည့်အပြင် vivo တွင် ထည့်သွင်းထားခြင်းမရှိသော အချက်အလက်နှင့် ဒေတာများ ပေါက်ကြားမှုအတွက်လည်း တာဝန်မယူပါ။
11. ဤမူဝါဒအကြောင်း
vivo သည် ဤမူဝါဒကို အခါအားလျော်စွာ အပ်ဒိတ်ပြုလုပ်ခွင့် သို့မဟုတ် ပြင်ဆင်ခွင့် ရှိပါသည်။ ဤသီးသန်မူဝါဒ၏ စည်းမျဉ်းများကို ပြောင်းလိုက်သည်နှင့် vivo သည် အပ်ဒိတ်လုပ်ထားသော ဗားရှင်းကို သက်ဆိုင်ရာ စာမျက်နှာများတွင် ပြသပါမည်။ စည်းမျဉ်းများတွင် ပြောင်းလဲချက်များက သင်၏ အကျိုးစီးပွားများကို သိသိသာသာ ထိခိုက်စေလျှင် ကျွန်ုပ်တို့သည် မြင်သာသော နည်းလမ်းဖြင့် သင့်ကို အကြောင်းကြားပါမည် သို့မဟုတ် သင်၏ ခွင့်ပြုချက်ကို ပြန်လည် ရယူပါမည်။ ဤဝန်ဆောင်မှုကို အသုံးပြုနေခြင်းနှင့် ဆက်လက်အသုံးပြုခြင်းဖြင့် သင်သည် ဤမူဝါဒနှင့် ၎င်း၏ အပ်ဒိတ်များကို သဘောတူသည်ဟု ဆိုလိုပါသည်။ ဤမူဝါဒကို သင် သဘောမတူပါက ဝန်ဆောင်မှုကို အသုံးမပြုပါနှင့် သို့မဟုတ် ဤဝန်ဆောင်မှုကို သင့်စက်တွင် ပိတ်ပါ။ ဤမူဝါဒ၏ နောက်ဆုံးဗားရှင်းကို သင့်စက် ဆက်တင်များထဲတွင် ရှာဖွေနိုင်ပါသည်။
12. ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်
သင့်တွင် မေးမြန်းလိုသည်များ၊ မှတ်ချက်များ သို့မဟုတ် အကြံပြုချက်များရှိပါက ကျွန်ုပ်တို့၏ သုံးစွဲသူ ဝန်ဆောင်မှု ဟော့လိုင်းကို 400-678-9688 တွင် ဖုန်းခေါ်ဆို၍ဖြစ်စေ၊ https://www.vivo.com သို့ သွား၍ ကျွန်ုပ်တို့၏ အွန်လိုင်း ဝန်ဆောင်မှု ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။
သင်သည် ကျွန်ုပ်တို့၏ အကြောင်းပြန်မှု သို့မဟုတ် ကိုင်တွယ်စီမံမှုကို ကျေနပ်မှုမရှိပါက တရားရေးရာ စီရင်ဆုံးဖြတ်မှုကို ခံယူရန် ဒုံဂွမ် အမှတ် 2 ပြည်သူ့တရားရုံး (ဖုန်းနံပါတ်- 0769-89889888) သို့ တောင်းဆိုချက် ပေးပို့၍ ဖြစ်စေ၊ လုပ်ငန်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ သို့မဟုတ် အစိုးရစည်းကမ်းထိန်းသိမ်းရေး အဖွဲ့များထံမှ အကူအညီတောင်း၍ဖြစ်စေ ပြင်ပ နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။
မူပိုင်ခွင့် ©2016 မှ လက်ရှိ vivo Mobile Communication Co., Ltd. အခွင့်အရေးအားလုံးကို လက်ဝယ်ထားရှိသည်။
မှတ်ပုံတင်ထားသော လိပ်စာ- No. 168, Jinghai East Road, Chang'an Town, Dongguan City, Guangdong Province, People's Republic of China
နောက်ဆုံးအပ်ဒိတ်လုပ်ခဲ့ချိန်- 2020 ပြည့်နှစ်၊ နိုဝင်ဘာလ 9 ရက်